
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် ကော့သောင်းမြို့ အောင်သုခရပ်ကွက်၊ အလက(ခွဲ)အောင်သုခစာသင်ကျောင်းတွင် ကော့သောင်းခရိုင်စားသုံးသူ ရေးရာဦးစီးဌာနမှ ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် ကျောင်းဆရာ/ဆရာမမျာ၊ ကျောင်းသား / ကျောင်းသူများ စုစုပေါင်း (၉၀)ဦးအား စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ် လာလျှင် တောင်းဆိုနိုင်သည့်အခွင့်အရေး၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို ဟော ပြောပို့ချခဲ့ပြီး အလက(ခွဲ)အောင်သုခစာသင်ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများအား သက်တန်း လွန်စားသောက်ကုန်များ နှင့်စားသုံးရန်မသင့်သော စားသောက်ကုန်များအားစစ်ဆေးခဲ့ပြီး၊ ကုန် အညွှန်းအမှတ်အသား ဖော်ပြပါရှိသော စားသောက်ကုန်များရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်း ရှင်းသော စားသောက်ကုန်များ ရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
