သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်မှ ဒု-ကြီးကြပ်ရေးမှူးနှင့် ဒေါ်ဖြူဖြူမြင့်တို့ (၂)ဦးသည် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၁၅-၁-၂၀၂၄) ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ အောင်မင်္ဂလာ(တပ်) အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ ကျောင်းသား/ကျောင်းသူ (၂၀၄)ဦး၊ ဆရာမ (၇)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံဒေါ်ဌေးဌေး(ဒုတိယဦးစီးမှူး)သည် (၁၂.၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဝက္ကသေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးဆီများတွင်ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/မရှိ၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း (City Mart)၊ လှိုင်မြို့နယ်၊ လှိုင်ရတနာဈေး၊ ဗဟန်းမြို့နယ်၊ ဗဟန်းဈေး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးတို့တွင်ရောင်းချလျက်ရှိသော စားသောက်ကုန်၊ လူသုံးကုန်များကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ၎င်းနောက် စားသုံးဆီများအား ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်နှင့် စားသုံးဆီများနှင့်စပ်လျဉ်း၍ ရောင်းချသောစီးပွားရ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၁၆.၁.၂၀၂၄ ရက်နေ့တွင် မြိတ်မြို့၊ အမှတ်(၅၆)၊ ကလွင်ရှားတောဝရပ်ရှိ စားဝါးမယ်အာလူးနှင့် အကြော်စုံလုပ်ငန်းသို့သွားရောက်၍ လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ် လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်း သည် (၁၅.၁.၂၀၂၄)ရက်နေ့ ၊နံနက်(၁၅:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။