
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ ၂၈ ရက်နေ့၊ နံနက် ၁၀း၃၀ နာရီ တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးရုံးခန်း၌ မြိတ်ခရိုင်ဦးစီးမှူးရုံးပြင်ဆင်ခြင်း တင်ဒါဖွင့်ဖောက်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။
ထိုအခမ်းအနားတွင် စီးပွားရေးရာဝန်ကြီးမှ သတ်မှတ်အချိန်အတွင်း ပြီးစီးရေးလမ်းညွှန်မှာကြားခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးဦးစိုးဦးမှ တင်ဒါစည်းမျဥ်းစည်းကမ်းများအား ဖတ်ပြကာ တင်ဒါခေါ်ယူရေးအခမ်းအနားပြုလုပ်ပြီးနောက် နံနက် ၁၂း၀၀ နာရီအချိန်တွင် အခမ်းအနားကိုအောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
