Main menu

၂၀၂၅-၂၀၂၈ ခုနှစ်သက်တမ်းအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကုန်သည်များနင့် စက်မှုလုပ်ငန်းရှင်မားအသင်း၊ အမှုဆောင်နှင့် ဥက္က‌ဌရွေးချယ်ခြင်းကျင်းပ

Powered by Drupal

၂၀၂၅ ခုနှစ်အောက်တိုဘာလ(၂၄)‌ရက်နေ့တွင် စစ်ကိုင်တိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေး ရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်   စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း(SRCCI)၏ ၂၀၂၅-၂၀၂၈ ခုနှစ်အတွက် အလုပ်အမှုဆောင် အသစ်ရွေးချယ် တင်မြောက်ပွဲကျင်းပရာ  inperson (၂၀)ဦး၊ Online ဖြင့်(၁၅)ဦး စုစုပေါင်း(၃၅)ဦး တက်ရောက် ခဲ့ပါသည်။

          အစည်းအဝေးကို မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း(UMFCCI) ၏ ကြီးကြပ်မှုဖွဲ့စည်းတာဝန်ပေးအပ်ထားသော ကြီးကြပ်မှုကော်မရှင်မှ ဦးဆောင်၍ အစီအစဉ်   (၁၆)ရပ်ဖြင့် ကျင်းပပြုလုပ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးနှင့်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူးတို့က ဦးဆောင်ကျင်း ပခဲ့ကြပြီး အလုပ်အမှုဆောင်၊ ဗဟိုအလုပ်အမှုဆောင်များကို အစီအစဉ်အတိုင်း ရွေးချယ်တင် မြောက်ပြီးနောက် စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ထမ်းဆောင်ကြမည့်သူများအား ရွေးချယ်တင်မြှောက်ခဲ့ကြပြီး ကော်မတီဥက္ကဌက ရွေးချယ်တင်မြောက်သူများ၏ အမည်စာရင်းများကို ဖတ်ကြား၍ အတည်ပြုခဲကြောင်း၊ အမှုဆောင် ဥက္ကဌအသစ်ကလည်း ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်လမ်းစဉ်များအကြောင်းနှင့်အသင်းအဖွဲ့ခိုင်မာတောင့်တင်းပြီး စည်းကမ်းဘောင်အတွင်းက အောင်မြင်တိုးတက်အောင်ပူးပေါင်း ဆောင်ရွက် ကြမည်ဖြစ် ကြောင်းပြောကြား၍ ၂၀၂၅-၂၀၂၈ ခုနှစ် ခုနှစ်သက်တမ်းအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနင့် စက်မှုလုပ်ငန်းရှင်များ အသင်းအမှုဆောင်နှင့် ဥက္က‌ရွေးချယ်ခြင်း အခမ်းအနားအောင် မြင်စွာ ကျင်းပ ဆောင်ရွက်နိုင်ခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)