Main menu

New Item လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

Powered by Drupal

     (၂၉.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၁:၁၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် ကျူဆန်ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်ရှိ New Item လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက New Item ပိုင်ရှင် ဦးဟိန်းမင်းထွေးနှင့် တွေ့ဆုံကာအွန်လိုင်းစနစ်ဖြင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့် အချက် (၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ တင်ပြထားသည့်လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရှိ/ မရှိ စစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)