
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးမြလင်း အောင်နှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင် ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် မြန်အောင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် MyRo Website တွင် မှတ်ပုံတင်သက်တမ်းတိုးရန်နှင့် လစဉ်ဆန်စပါးလက်ကျန်များရေးသွင်းနိုင်ရေး ၊ သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းအနေဖြင့် စပါးဆန်များ အရည်အသွေး ပြည့်မီစွာဖြင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေးနှင့် သင့်တင့်သောဈေးနှုန်းဈေးကွက်များဖြစ်ပေါ်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တောင်သူများအနေဖြင့်လည်း အရည်အသွေးပြည့်မီ သောစပါးများစိုက်ပျိုးမှသာ ကောာင်းမွန်ပြည့်စုံသော ဆန်များရရှိပြီး သင့်တင့်သောဈေးနှုန်းများ ရရှိနိုင်မည် ဖြစ်သဖြင့် အရည်အသွေးးပြည့်မီသော စပါးများကို စိုက်ပျိုးကြပါရန် အကြံပြုဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
