Main menu

Modern Mart များနှင့် ဈေးများအတွင်းရှိ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ရောင်းချလျက်ရှိသော ဈေးနှုန်းများ၏အခြေအနေများအား စျေးကွပ်စောင့်ကြည့် စစ်ဆေး

Powered by Drupal

       (၃၀.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ Modern Mart များနှင့်ဈေးများတွင် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ရောင်းချနေသည့်ဈေး နှုန်းဈေးကွက်အခြေအနေနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေသည့်ဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/ မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများကောက်ခံ၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)