Main menu

ဇီးကုန်းမြို့နယ်တွင် စားသာက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းရှင်များနှင့် အွန်လိုင်းရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၌ ၂၀၂၅ခု၊ အောက်တိုဘာ (၂၁)ရက်နေ့ နေ့လယ် ၁ နာရီတွင် ဇီးကုန်းမြို့နယ်အတွင်းရှိ စားသာက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ် ဖြန့်ဖြူးသည့် လုပ်ငန်းရှင်များနှင့် အွန်လိုင်လုပ်ငန်းရှင်များအား စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံက တွေ့ဆုံ၍ Onlie Sale ရောင်းချခြင်းနှင့် ပတ်သက်သည့် အကြောင်း  အရာများကို အသိပညာပေး ဆွေးနွေး ခဲ့ပါသည်။

           အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြိုနယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်က  OnLine ShoppIng မှတ်ပုံတင်လျှောက်ထားမည်ဆိုပါက (e-Commerce Registration  (Online) System) ဖြင့် မှတ်ပုံတင်ခြင်း ဆောင်ရွက်ရာတွင် လိုအပ်သည့် အချက်အလက်များကို    လည်းကောင်း ၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ ဥပဒေနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်း ၊ စားသုံးသူ ကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်များ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြပြီးမှ ဈေးကွက် ဖြန့်ဖြူးကြရန် အသိပညာပေး ဆွေးနွေးခဲ့ရာ စီးပွားရေးလုပ်ငန်းရှင် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

DOCA (ပဲခူး)