သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စားသုံးသူများ၏ ဘေး အန္တရာယ်ကင်းရှင်းနိုင်စေရန်နှင့် စားသုံးသူအခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုများရှိပါက ရယူတောင်းဆိုနိုင်စေရန်အတွက် ပခုက္ကူခရိုင်တွင် အသိပညာပေး(၈)ကြိမ်နှင့် ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါမြို့မှ (၁)ကြိမ် စုစုပေါင်း (၉)ကြိမ် စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များနှင့် စားအုန်းဆီကိုယ်စားလှယ်အရောင်းဆိုင်များတွင် ဆီရောင်းချနေမှု အခြေအနေများအား ဒီဇင်ဘာလ (၁၃) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီတွင် ဗိုလ်ချုပ်လမ်းမကြီး၊ ဘေးဝဲယာတွင် ဖြန့်ဖြူး ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များတွင် ဖြန့်ဖြူးရောင်းချပေးနေသော စားအုန်းဆီကိုယ်စားလှယ်အရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ခေတ္တမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ စိုက်ပျိုး ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများ မြို့နယ်စက်သုံးဆီစိစစ်ရေးအဖွဲ့မှ တာဝန်ရှိသူများ သည် ဒီဇင်ဘာလ (၁၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ဆောင်းသီးနှံထပ်သီးညှပ်စိုက်ပျိုးရန်လျား ထားဧကပြည့် မီအောင်စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီရောင်းချနေမှုအခြေအနေများအား ဒီဇင်ဘာလ (၁၄) ရက်နေ့၊ နံနက်ပိုင်း (၉:၃၀) နာရီတွင် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် ပူးပေါင်းအဖွဲ့တို့ သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိ သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် အခြားတိုင်း/ ဒေသကြီး ပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အပေါ် လက