Main menu

ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက် ပါကုန်အညွှန်း အမှတ်အသားပြည့်စုံစွာထည့်သွင်း ဖော်ပြလာခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ဈေးကွက်များပိုမို ရရှိစေရန်ရည်ရွယ်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းကို စဉ်ဆက် မပြတ် ကွင်းဆင်းအသိပညာပေးလျက်ရှိပါသည်။

  ပခုက္ကူခရိုင်အနေဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူ ရေးရာဌာနခွဲ တာဝန်ခံနှင့်  ဝန်ထမ်းများသည် ပခုက္ကူမြို့ အမှတ်(၃/၁၁/၁၅)ရပ်ကွက်ရှိ မြေပဲဆုံဆီ လုပ်ငန်း၊  အမှတ်(၁၁)ရပ်ကွက်ရှိ လက်ဖက်လုပ်ငန်း၊ အမှတ်(၃)ရပ်ကွက်ရှိ ငါးမုန့်ခြောက်၊ တို့ဟူး ခြောက်၊ ဆန်ခွေစိမ်းလုပ်ငန်းရှင်များထံသို့ တွေ့ဆုံမှု(၇)ကြိမ်၊ဂန့်ဂေါခရိုင်၊ မြို့နယ်တာဝန်ခံအနေဖြင့် စည်ပင်သာယာရပ်ကွက်ရှိ စိုက်ပျိုးရေးဆေးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်(၁)ကြိမ်၊ စုစုပေါင်း လုပ်ငန်းရှင် အသိပညာပေး တွေ့ဆုံမှု (၈)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)