Main menu

Consumer Call Center (1535) သို့ ဆက်သွယ်မေးမြန်းခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ဦးစီး မှူးနှင့်ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောပွဲ၊ လုပ်ငန်းရှင်တွေ့ဆုံမှုနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း သည့် သတင်းအချက်အလက်များ၊ သိရှိလိုသည်များကို Consumer Call Center (၁၅၃၅)ကို ရုံးဖွင့် ရက်များမှာ ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင်ကြောင်း အသိပညာပေးလျက်ရှိရာ (၂၅.၁၀.၂၀၂၅) ရက်နေ့တွင် မြန်အောင်မြို့၊ ကျောင်းကြီးလမ်း အမှတ်(၄)ရပ်ကွက်ရှိ လုပ်ငန်းရှင် ဦးကောင်းဇော်လျှံ Consumer Call Center (1535)သို့ ဖုန်းခေါ်ဆို၍ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စားသုံး သူကာကွယ်ရေးနှင့်စပ်လျဉ်းသည့်အကြောင်းအရာများအားဖုန်းခေါ်ဆိုမေးမြန်းခဲ့ရာ  Consumer Call Center မှတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)