သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursdays Talk အမှတ်စဉ်(၉/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၁-၁၁-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းအနေဖြင့် မုဒုံမြို့နယ်အတွက် ခွဲဝေရရှိထားသော (၉)ကြိမ်မြောက် စားအုန်းဆီပေပါ (၁၃) ပေပါ၊ ဆီပိဿာချိန် (၁၄၃၀) ပိဿာကို ပြည်သူလူထုထံသို့ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးဒေါ်စုစုထွန်းနှင့်ဝန်ထမ်းများသည် (၂၀.၁၁.၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ မင်းဘူးမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်(၈)ဆိုင်နှင့် စည်ပင်သာယာဈေးအတွင်းရှိ အရောင်းဆိုင်(၄)ဆိုင်တို့အား တရားမဝင်တင်သွင်းထားသော "ပုဇွန်" အမှတ်တံဆိပ်ပါ စားသုံးဆီများဈေးကွက်အတွင်း ရောင်းမှုရှိ/မရှိ
တိုင်းဒေသကြီးအတွင်း ထုတ်လုပ်သည့် ပဲဆီ/ နှမ်းဆီများအား စားအုန်းဆီများနှင့်ရောနှော၍ ရောဆီအဖြစ် ခွက်မှောက်ခွက်လှန်စနစ်ဖြင့်ရောင်းချခဲ့ရာ ယခုအခါတွင် စားသုံးသူများအပေါ် လိမ်လည် လှည့်ဖျားခြင်းမရှိစေရန် ပဲဆီ/ နှမ်းဆီ/ စားအုန်းဆီဟုသာရောင်းချစေပြီး စားသုံးသူများ၏ မျက်ကွယ် တွင် ရောဆီအဖြစ်ရောစပ်၍ရောင်းချနေမှုအား တားမြစ်ထားပါကြောင်း၊ စားသုံးသူတောင်းဆိုရာ တွင်သာ တောင်းဆိုသည့်အတိုင်း ပဲဆီ/ နှမ်းဆီနှင့် စားအုန်းဆီတို့ကို စားသုံးသူ၏ရှေ့မှောက်တွင် ရောစပ်ရောင်းချရန်၊ ခွက်မှောက်ခွက်လှန် စနစ်ဖြင့် ရောင်းခ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၁-၁၁-၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဘီးလင်း) ခန်းမ၌ ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show) ပြုလုပ်၍ ဟောပြောဆွေးနွေးခဲ့ကြောင်းသိရပါသည်။