သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ အမှတ်(၅) အခြေခံပညာမူလတန်းလွန်ကျောင်း (ပျဉ်းမကျောင်း)၌ ဌာနဆိုင်ရာများစုပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို (၁၄-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ခရိုင်ရုံးဝန်ထမ်းများသည် (၂၀.၁၁.၂၀၂၃)ရက်နေ့ (၁၀:၀၀)အချိန်တွင် ရေလဲလမ်းမရှိ 912ဆန်စက်သို့ သွားရောက်၍ ဆန်စက်လည်ပတ်မှုနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးသည် (၂၁.၁၁.၂၀၂၃)ရက်နေ့ စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ ဓနုဖြူ သပြုကျေးရွာရှိ မုန့်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန်းရှင်(၈)ဦးကို စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား အသိပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုပေးပွဲ၌ ပါဝင်ယှဉ်ပြိုင်သည့် နတ်တလင်းမြို့နယ်၊ (အ.ထ.က)အခြေခံပညာအထက်တန်းကျောင်းနှင့် ပွတ်စုကျေးရွာ (အ.လ.က) ကျောင်းများသို့သွားရောက်ကာ ကျောင်းအခြေခံစံနှုန်းနှင့် အညွှန်းကိန်းများနှင့်အညီ အကဲဖြတ်အမှတ်ပေးခြင်းတို့ကို သက်ဆိုင်ရာဌာနများပါဝင်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွ
စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် အချက်အလက်များကိုပြဋ္ဌာန်းထားပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖော်ပြရန် စသည့်အသေးစိတ်အချက်အလက်များကို စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အတွက် မြန်မာနိုင်ငံ၏စားသုံးသူကာကွယ်ရေးကော်မရှင်အနေဖြင့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ဖြင့် ထုတ်ပြန်ထားပြီးဖြစ်ပါသည်။ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲအနေဖြင့် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းကို ညွှန်