သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၁-၁၁-၂၀၂၃)ရက်နေ့တွင် ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးရှိ ဈေးတာဝန်ခံရုံး၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ အသားငါးများရောင်းချသော လုပ်ငန်းရှင်များအား တရားမဝင်အေးခဲသားများရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၁-၁၁-၂၀၂၃) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပေါင်မြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ဒီဂျစ်တယ်ငွေကြေးဆိုင်ရာအသိပညာပေး (Talk Show)ကို (၂၁-၁၁-၂၀၂၃) ရက်နေ့တွင် ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် (၂၂-၁၁-၂၀၂၃) ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ သထုံမြို့နယ်မှ ဆီလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့၌ ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေမှ အစည်း အဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးကို မြန်မာနိုင်ငံဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သိုလှောင်မှုများစနစ်တကျ ရှိစေရေးအတွက် စပါးတင်း (၅၀၀၀) သို့မဟုတ် ဆန်တန် (၅၀)အထက် ဆန်စပါးသိုလှောင်မှု အခြေအနေများအား ဒီဂျစ်တယ်နည်းလမ်း အွန်လိုင်းမှတ်ပုံတင်စနစ် Myanmar Rice Online (MyRo)ဖြင့် မှတ်ပုံတင်နိုင်ရေး သ