သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၃-၁၀-၂၀၂၂) ရက်နေ့၊ နေ့လယ် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာရှိ ဖြူစင်သန့်ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၄.၁၀.၂၀၂၃)ရက်နေ့၊နံနက်(၁၁:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် ဗိုလ်ချုပ်လမ်း(၅)ရပ်ကွက်ရှိ Myanmar Biomass Power လောင်စာတောင့်လုပ်ငန်းသို့ သွားရောက်၍ SMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်( ၅.၁၀.၂၀၂၃ )ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် မြို့မဈေး ဈေးတာဝန်ခံရုံး၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ကိစ္စရပ်များအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် မြိတ်မြို့၊ မြို့မ(၂)ရပ်၊ နတ်မော်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ရွေးချယ်ဝယ်ယူစားသုံးနိုင်စေရေး ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး ဆိုင်ရာ သိကောင်းစရာများ ဟောပြောခဲ့ပါသည်။
၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၄ရက်နေ့တွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ကန့်ဘလူမြို့ပေါ်ရှိ ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများရောင်းချသည့်ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။