Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
13 Oct 2023

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၌ ရွှေဘိုပေါ်ဆန်း (G.I) ရရှိရေးအတွက် ပြင်သစ်နိုင်ငံ AFD (France Development Agency) ၏ထောက်ပံ့ကူညီမှုဖြင့် Recognition and Promotion of Geographical indication in Cambodia, Lao PDR and Myanmar (မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဒေသဆိုင်ရာအညွှန်းများကိုအသိအမှတ်ပြုခြင်းနှင့် မြှင့်တင်ခြင်းစီမံကိန်း)ကို GRET Myanmar အဖွဲ့အစည်းက  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ 

13 Oct 2023

     စစ်ကိုင်းခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်းကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၅ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ ၂၁ဦးနှင့် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် ၂၃ဦး၊ စုစုပေါင်း ၄၄ဦးတက်ရောက်ခဲ့ကြပါသည်။

12 Oct 2023

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၅-၁၀-၂၀၂၃) ရက်နေ့တွင် ဗန်းမော်မြို့၊ တာမိုင်းလုံကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းခန်းမဆောင်၌ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနမှသင်ကြားပို့ချသော အခြေခံစက်ချုပ်သင်တန်းရှိ သင်တန်းသူ ၁၅ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

12 Oct 2023

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မုဒုံမြို့နယ်တာဝန်ခံတို့သည် (၆-၁၀-၂၀၂၃) ရက်နေ့တွင် မုဒုံမြို့၊ အ.ထ.က (၂)ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ကြပါသည်။

12 Oct 2023

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၅-၁၀-၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ဆရာစံရပ်ကွက် (အ.မ.က-၃) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြသည်။

Pages