Main menu

မြန်မာ့ရှေ့ဆောင်ဘဏ်မှ မိတ်ဆက်၊ လုပ်ငန်းရှင် တို့အားတက် စားသုံးသူကာကွယ်ပေးရေး ဥပဒေနှင့်အညီ ဆောင်ရွက်

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် အစည်းအဝေးခန်းမ၌ Gold Dalta Co.Ltd , မှ တာဝန်ရှိသူများနှင့် မြန်မာ့ရှေ့ဆောင်ဘဏ်မှ တာဝန်မရှိသူများ၊ ဆန်စက်၊ ဆီစက်၊ ပွဲရုံ လုပ်ငန်းရှင်များ (၂..၂၀၂) ရက်နေ့ နံနက် () နာရီ အချိန်တွင် တွေ့ဆုံ ဆွေးနွေးမှု ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံရုံး မှဦးခိုင်လွမ်းမိုးက အဖွင့်အမှာစကား ပြောကြားရာတွင် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ပေးရေး ဥပဒေ အခန်း (၁၃) ပါ ဝန်ဆောင်မှု နှင့် စပ်လျဉ်း၍ အာမခံပေးခြင်း၏ အဓိပ္ပာယ်နှင့် အခန်း(၁၄) ပါ ဝန်ဆောင်မှုလုပ်ငန်း၏ အာမခံချက် နှင့် စပ်လျဉ်း ၍ စားသုံးသူတောင်းဆိုနိုင်သည့် အခွင့်အရေးများအေကြာင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာ စောင်များ ဖြန့်ဝေခဲ့ပါသည်။

        ဆက်လက်၍ Gold Dalta  Co.Ltd , မှ ဓနုဖြူမြို့နယ် တာဝန်ခံမှ ပြောကြားရာတွင် ကုမ္ပဏီ၏ ရည်ရွယ်ချက်၊ လယ်သမားများအတွက် ကုမ္ပဏီမှ ဆောင်ရွက်ပေးမှု အခြေအနေများ၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် လုပ်ငန်းရှင်များ ချိတ်ဆက် ဆောင်ရွက်ပြီး စီးပွားရေးလုပ်ငန်းများ ပိုမို အောင်မြင်မှု အလားအလာ ကောင်းများအကြောင်း ပြောကြားပြီး၊ မြန်မာ့ရှေ့ဆောင်ဘဏ်မှ တာဝန်ရှိသူများက ဘဏ်၏ ဝန်ဆောင်မှုများ၊ ငွေရေး၊ ကြေးရေးကဏ္ဍနှင့် လုပ်ငန်းရှင်များ၏ သိရှိလိုသည့် မေးမြန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)