သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ (အ.မ.က) တကူကနာကျောင်း၌ (၅-၁၀-၂၀၂၃) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများသည် (၅-၁၀-၂၀၂၃) ရက်နေ့တွင် စွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးတို့မှ ဝန်ထမ်းစုစုပေါင်း (၂၅) ဦးတက်ရောက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ရုံးအုပ်) သည်(၉.၁၀.၂၀၂၃) ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
(၉-၁၀-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံး၌ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးသည် ကရင်ပြည်နယ်အတွင်း စားအုန်းဆီဖြန့်ဖြူး ရောင်းချမှုစနစ်ကျ မှန်ကန်မှုရှိစေရေး ကရင်ပြည်နယ်စားသုံးဆီကုန်သည်များနှင့်စားသုံးဆီလုပ်ငန်း ရှင်များအသင်းမှ အသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်) သည် ၆.၁၀.၂၀၂၃ ရက်နေ့ (၁၁:၀၀) နာရီမှ (၁၁:၃၀) နာရီထိ မဒိန်ကျေးရွာ၊ခကွမ်ရပ်ကွက်၊ဝိုင်းမော်မြို့၊ CGM(ကုမ္ပဏီ) ကိုယ်စားလှယ် ဒေါ်အိအိမွန် လုပ်ငန်းရှင်အား တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။