Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Oct 2023

   ၂၀၂၃ခုနှစ်၊ မေလတွင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မိုခါဆိုင်ကလုန်းမုန်းတိုင်း ဘေးသင့်ပြည်သူများအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကဝယ်ယူ၍ ဆန်အိတ်များကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပိုင်ဖြစ်သော ဝိရှုပက္ခရေယာဉ်ဖြင့် တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

12 Oct 2023

    အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ (Online Sales) မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် E- ComReg System စနစ်ဖွင့်လှစ်ခြင်းအခမ်းအနားကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ပထမထပ်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

11 Oct 2023

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် (၃-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ လဲလူအုပ်စု၊ လဲလူကျေးရွာ၊ ကွင်းအမှတ်-၁၄၉၄၊ ဦးပိုင်အမှတ်-အမှတ် ၂၀၈၊ တောင်သူ ဦးသန်းထွန်းအောင်၏ (ဧရာမင်း) (F1)မျိုးစေ့ထုတ်စံပြကွက်၌ပြုလုပ်သည့် မြေဩဇာကြဲပက်ပွဲအခမ်းအနားသို့ တက်ရောက်ကာတောင်သူများနှင့်တွေ့ဆုံခဲ့ပါသည်။

11 Oct 2023

   ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး      ၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့်ဝန်ထမ်း(၁)ဦးသည်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အမှတ်(၄)(အ.မ.က)ခွဲကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

11 Oct 2023

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကန့်ဘလူမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ဆီကုန်သည်များနှင့်ပူးပေါင်းကာ (၄.၁၀.၂၀၂၃)ရက်နေ့၊ နံနက် ၀၇:၀၀နာရီက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ စားအုန်းဆီများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအားပြင်ပ ပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

Pages