သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးက အနီးကပ်ကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ ဒုတိယဦးစီးမှူး ဦးဇော်မင်းဦးနှင့် ဒုတိယဦးစီးမှူး ဒေါ်ပပရွှေနှင့် အငယ်တန်းစာရေး ဒေါ်သီတာနွယ်တို့သည် စားသုံးသူမိဘပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူအခွင့်အရေးများသိရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၃-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချ
(၃-၁၀-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မုန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၄-၁၀-၂၀၂၃) ရက်နေ့တွင် ကျိုက်မရောမြို့ (အ.ထ.က) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပခဲ့ကြပါသည်။
မွန်ပြည်နယ်အတွင်း ဒေသထွက်ကုန်ကြမ်းများကိုအခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ စီးပွားဖြစ်ထုတ်လုပ်ခြင်းဖြင့် သွင်းကုန်အစားထိုးထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ (၄-၁၀-၂၀၂၃) ရက်နေ့တွင် ကျောက်တန်းစက်ရုံစုအတွင်း လုပ်ငန်းဆောင်ရွက်နေသောစက်ရုံများသို့သွားရောက်ကွင်းဆင်းလေ့လာရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အမ်းမြို့နယ်တာဝန်ခံ ဦးမောင်ကျော်မြင့် (ဦးစီးအရာရှိ) နှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် အမ်းမြို့ပေါ်ရှိ အစားအသောက်အရောင်းဆိုင်များနှင့် ကုန်စုံဆိုင်မျာအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်