Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
04 Sep 2023

     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းပူးပေါင်း၍ ဒေသခံအခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင် (ဦးစီးမှူး)သည် (၂၆.၈.၂၀၂၃) ရက်နေ့ နံနက်(၀၆:၃၀)အချိန်တွင် စလင်းမြို့နယ် စည်ပင်သာယာပန်းခြံရှေ့၌ စလင်းမြို့ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ နွေသုခဆန်များကို တစ်ပြည်လျှင်(၂၅၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၄၈၀)အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင

04 Sep 2023

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြုလုပ်ပေးလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လအတွင်း        “Khit Oo” ခေတ်ဦးသောက်ရေသန့်၊ “အေးကျော်”အမှတ်တံဆိပ် စားသောက်ကုန်လုပ်ငန်း၊ ”လာက်ပြည့်လျှံ”အမှတ်တံဆိပ်စားသောက်ကုန်လုပ်ငန်း၊ “မေမေကြီး”မြန်မာ့ငါးပိထောင်းလုပ်ငန်း နှင့်  “KLT” ဇီဝကမ္မထိန်းညှိဆေးလုပ်ငန်းတို့ဖြစ်သည်။

01 Sep 2023

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် သရက်ခရိုင် ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် သရက်မြို့နယ်တာဝန်ခံ ဦးအုန်းမြင့်၊ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲယဉ်ဝင်းနှင့် မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွှေတို့ပူးပေါင်း၍ (၂၅.၈.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီ အချိန်တွင် သရက်မြို့၊ ပြည်တော်အေးရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ပါသည်။

01 Sep 2023

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများ (၁၈.၈.၂၀၂၃) ရက်နေ့က မြို့မဈေး ဈေးကော်မတီ ရုံးခန်းမတွင် ကုန်မျိုးစုံနှင့် ကုန်စိမ်းရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြပါသည်။

01 Sep 2023

    ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၂၃.၈.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀) နာရီက အောင်သာယာဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Pages