သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ၊ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၇.၉.၂၀၂၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မုဒုံမြို့နှင့်ချောင်းဆုံမြို့နယ်ပေါ်ရှိ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၇.၉.၂၀၂၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့ပေါ်ရှိ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၇.၉.၂၀၂၃) ရက်နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သောကွင်းဆင်းစစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့၊ဘိုးရာဇာရပ်ကွက်ရှိ မင်္ဂလာဈေးနှင့် ရပ်ကွက်ကုန်စုံဆိုင်များတွင် စားသုံးဆီအတု၊ စားအုန်းဆီများအား မြေပဲဆီအနံ့ရရှိစေရန် ရောစပ်ထားသော ဓာတုကုန်ကြမ်းပစ္စည်းများ ရောင်းချဖြန့်ဖြူး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနသည် စက်တင်ဘာလအတွင်း မွန်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံမှု (၁၀)ကြိမ် ပြုလုပ်ခဲ့ပါသည်။ ကုန်အညွှန်းအမှတ်အသားများနှင့် သက်ဆိုင်သည့်အသိပညာပေးဆွေးနွေးခြင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း၊ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးနှင့် အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်ထားမှုဆိုင်ရာ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင် ဦးစီးမှူးရုံးသို့ (၂၈.၉.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် မြင်းခြံမြို့ရှိ ငွေလမင်းနှင့် သော်တာထွန်း ပဲကြော်လုပ်ငန်းလုပ်ကိုင်သူများမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်စပ်လျဉ်း၍ ခရိုင်ဦးစီးမှူးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။