သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ( ၂၅ )ရက်နေ့၊ နံနက်( ၁၃:၀၀ )နာရီအချိန်တွင် အမှတ်(၉၈၈)၊(၁)လမ်း၊(၈)ရပ်ကွက်ရှိ“သဘာဝနဂါးနီဟံ”မုန့်မျိုးစုံလုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEsလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ( ၂၃ )ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်( ၇ ) ဦးအား ဘိုကလေးမြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်းဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးကျော်စိုးရီ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ဖြူဖြူလတ်၊ မြို့နယ်တာဝန်ခံဦးဝင်းမြင့်နှင့် ဝန်ထမ်းများသည် ဩဂုတ်လ(၂၅)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီ၊ ပုသိမ်မြို့ပေါ်ရှိ Ocean SuperCenter နှင့် ဂင့်ချွန်မုန့်ဆိုင်များသို့ သွားရောက်၍ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းသွားရောက်ပါသည်။
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ အစည်းအဝေးခန်းမတွင် ၂၄.၈.၂၀၂၃ ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီတွင် ကျင်းပပြုလုပ်သည့် ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောပွဲ ဆွေးနွေးခြင်း (၈/၂၀၂၃) Thursday Talk ကျင်းပပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ အစည်းအဝေးခန်းမတွင် ၂၅.၈.၂၀၂၃ ရက်နေ့ ၊ နံနက် (၁၀:၃၀) နာရီတွင် ဒုတိုင်းဦးစီးမှူးနှင့် ဌာနခွဲ တာဝန်ခံများမှ ကြီးကြပ်၍ စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အမှုထမ်းများသည် ရုံးချုပ်မှ ပေးပို့လာသော Online eaxm အမှတ်စဉ် (၉) အား ဖြေဆိုခဲ့ပါသည်။