
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးခင်မောင်လှိုင်နှင့်တာဝန်ရှိသူများသည် စားအုန်းဆီများ သတ်မှတ်ချက် များနှင့်အညီ ဖြန့်ဖြူးစေရေးနှင့် သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချစေရေး အတွက်ခရိုင်အတွင်းရှိ စားအုန်းဆီလက်လီ၊လက်ကား ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ (၁)ရက်နေ့နေ့လယ်ပိုင်းအချိန်ကဖျာပုံမြို့သီရိအဏ္ဏဝါခန်းမ၌ကျင်းပသည်။
အဆိုပါ စားအုန်းဆီများ သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးစေရေးနှင့် သတ်မှတ် စျေးနှုန်းဖြင့် ရောင်းချစေရေး ဆွေးနွေးရာတွင် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူးစားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က ခရိုင်အတွင်းရှိ စားအုန်းဆီလက်လီ၊လက်ကား ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများသို့ စားအုန်းဆီကို သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးကြစေရေး၊ သတ်မှတ် စျေးနှုန်းဖြင့်ရောင်ချကြစေရေးနှင့်စားအုန်းဆီဖြန့်ဖြူးမှုလုပ်ငန်းစဉ်တစ်လျှောက်မှန်(၆)မှန်ဖြင့်စနစ်တကျ၊ မှန်ကန်စွာဆောင်ရွက်ရန်ကိစ္စများနှင့် စပ်လျဉ်း၍ဆွေးနွေးပြောကြားသည်။ ထိုနောက် စားသုံသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဦးဝင်းထွန်းက တိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများပတ်သက်၍အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြား ပြီး အခမ်းအနားသို့တက်ရောက်လာကြသောခရိုင်အတွင်းရှိ စားအုန်းဆီလက်လီ၊လက်ကား ကိုယ်စားလှယ်များက သိရှိလိုသည်များပြန်လည်မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ခရိုင်အတွင်းရှိ စားအုန်းဆီ လက်လီ၊လက်ကား ကိုယ်စားလှယ်များတက်ရောက်ကြကြောင်းသိရှိရသည်။
DOCA (ဧရာဝတီ)