
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြန့်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လစာလာရောက်ထုတ်ယူကြသည့် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား စက်တင်ဘာလ၂၃နံနက်(၈)နာရီမှ စတင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာန ဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံ စားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သည်။
အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံး သူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်းရောင်းချပေးခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတစ်ဦးလျှင် ဆီ(၅၀)သား၊ ကြက်သွန်(၅၀)သား၊ ဘဲဥ(၅)လုံး၊ အိုင်အိုဒင်းဆား(၁)ထုတ်၊ စုစုပေါင်း အခြေခံစားသောက်ကုန် (၄)မျိုးအား (၇၅၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
DOCA (ဧရာဝတီ)