သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၃ ခုနှစ်၊ မေလအတွင်းဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မိုခါဆိုင်ကလုန်းမုန်းတိုင်း သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများ၌ ထိရောက်သည့် ပံ့ပိုးမှုပေးနိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဝယ်ယူခဲ့သည့် ကုမ္ပဏီ (၈)ခု၏ ဆန်အိတ် (၃၆၀၀၀) ကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနပိုင် ဝိရှုပက္ခရေယာဉ်ဖြင့် တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေ
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့မှူးမြို့နယ် တာဝန်ခံ ဦးတင်မင်းသည် မိတ်ဖက်ဌာနများနှင့်အတူ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ စားသောက်ကုန်စုံ ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ လုပ်ငန်းရှင်များကိုတွေ့ဆုံ၍ စားသုံးဆီအမျိုးမျိုး ဖြန့်ဖြူးရောင်းချ နေမှုများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြောင်းသိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ဆင်းသုခစပါးကိုအဓိကထား၍ စိုက်ပျိုးပြီး မိုးစပါးကို ယခုနှစ်တွင် (၁၂၅၃၆၇)ဧက လျာထားစိုက်ပျိုးခဲ့ရာ ယခုအချိန်ထိ (၁၂၇၈၆၀)ဧက လျာထားချက်ထက်ပိုမို စိုက်ပျိုးနိုင်ခဲ့ပါသည်။ စပါးစိုက်ပျိုးရာတွင် ယခင်ကြဲခင်းများဖြင့် စိုက်ပျိုးခဲ့၍ ယခုနှစ်တွင် စက်ဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်၍ အတန်းလိုက်စိုက်ပျိုးခြင်းတို့ကို အဓိကထား၍ စိုက်ပျိုးနေပါသည်။ ယခင်နှစ်များထက် အထွက်နှုန်းကောင်းစေရန် ကြဲခင်းစိုက်ပျိုးနည်းကိုလျော့၍ စက်ဖြင့်စိုက်ပျိုးခြင်း၊ ကောက်စိုက်၍ အတန်းလိုက
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်မြို့နယ် ဆန်စက် အသင်းရုံးအစည်းအဝေးခန်းမတွင် ၇-ရပ်ကွက်နေပြည်သူ(၃၀)ဦးအား (၂၀.၉.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀) အချိန်က စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းပြုလုပ်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဓနုဖြူမြို့နယ်၊ ဇကာကြီးကျေးရွာ မြို့ကွက်သစ်ရှိ အဆွေတော် နှမ်း/မြေပဲလုံး မုန့်လုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးအတွက် (၂၅.၉.၂၀၂၃) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။