Main menu

ဘိုကလေးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ UIDနံပါတ်ထုတ်ပေးခြင်းတို့ဆောင်ရွက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြန့်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လစာလာရောက်ထုတ်ယူကြသည့်  နိုင်ငံဝန်ထမ်းအငြိမ်းစားများအား စက်တင်ဘာလ(၂၃)ရက်၊ နံနက်(၈)နာရီမှစတင်၍  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ UID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
           ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒေါက်တာ ရဲဝင်းထွန်းနှင့် အဖွဲ့က နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်ခဲ့ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူး ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့က နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူ၍ UID နံပါတ်များ ထုတ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ၎င်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊  ဥက္ကဌ ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုအားပေး၍ လိုအပ်သည်များအား ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)