Main menu

ဖျာပုံမြို့နယ် အ-ထ-က (ဖျာပုံတမံ)ကျောင်း တွင် စာဖတ်ရှိန်မြှင့်တင်ရေး" လူငယ်စကားဝိုင်း" ကျင်းပ

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊လူငယ်အချင်းချင်း ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊လူကောင်းများဖြစ်လာစေရန်၊စာ​ပေဖတ်ရှုတတ်သည့် အလေ့အကျင့် ကောင်းများ ဖြစ်လာစေရန်၊အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး"လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ​ ​စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက် (၁၀ : ၀၀)အချိန်က ဖျာပုံမြို့ နယ် အ-ထ-က (ဖျာပုံတမံ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
                  အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းပြုလုပ်ရာတွင် အ-ထ-က (ဖျာပုံတမံ) ကျောင်းအုပ် ဆရာမဒေါ် ဝင်းဝင်းသန်းကအဖွင့်အမှာစကားပြောကြားပြီးဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းကျော်ကျော်က လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ထို့နောက်"လူငယ်စကားဝိုင်း"ကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဦးဝင်းကျော်ကျော်နှင့်အတူ အထက(ဖျာပုံတမံ)ကျောင်းမှ Grade (11) မှ မဝင်းကေသွယ်က " ကျောင်းသားနှင့်ကိုယ်ကျင့်တရား" ၊ မသွယ်ထက်ဇင်က " ကျောင်းသားနှင့်စာအုပ်စာပေ"၊ Grade (10)မှမောင်ညီဝဏ္ဏကျော်က"အချိန်၏တန်ဖိုး"၊မောင်စန်းလင်းက " ကျောင်းသားနှင့်စာအုပ်စာပေ" စသည့် ခေါင်းစဥ်တို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်ကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

( Doca ဧရာဝတီ )