
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရို်င၊ ကျိုက်လတ်မြို့နယ် (၉)လမ်းပေါ်ရှိ ရွှေဧရာအောင် အားကစားခန်းမ၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၁)ရက်နေ့တွင် တက္ကသိုလ်ဝင် စာမေးပွဲ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား/သူများ ဆုချီးမြင့်သည့် အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့်အတူ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီး အကဲများ တတ်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဒု-ဝန်ကြီးဦးအောင်ကြီးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ၂၀၂၅ ခုနှစ် ၊ တက္ကသိုလ်ဝင်စားမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းနှင့် ဂုဏ်ထူးရအောင် ပညာသင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြင့်ခြင်း၊ ထို့နောက် ဂုဏ်ထူးဖြင့် ထူးချွန်စွာ ဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဆုချီးမြင့်ခြင်း၊ ကျိုက်လတ်မြို့ အ.ထ.က(၁) ကျောင်းသား/သူများမှ ဘရဏီ သီချင်းဖြင့် ဖျော်ဖြေခြင်းတို့ဖြင့် ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)