
မအူပင်ခရိုင်၊ဓနုဖြူမြို့နယ် ဈေးကွက်အတွင်း Danone Specialized Nutrition (Thailand) မှ ထုတ်လုပ်သည့် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ ၆၅၀ ဂရမ်အား ဈေးကွက်အတွင်း အတုပြလုပ် ရောင်းချနေမှု ရှိမရှိကို ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် ၉နာရီအချိန်တွင် ဓနုဖြူမြို့နယ် ကုန်စုံဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့က ပူးပေါင်းစစ်ဆေးခဲ့ကြပြီး ကုန်စုံဆိုင်ကြီး ၈ဆိုင်တွင် ရောင်းချနေသော DUMEX DUPRO အမှတ်တံဆိပ် ရောင်းချခြင်း မရှိကြောင်းတွေ့ရှိရပြီး ဈေးကွက်အတါင်း အခြားသော ကလေးဖြည့်စွပ်စာ အမှတ်တံဆိပ်များသာ ရောင်းချနေကြောင်း သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့စည်းများ၏ ထောက်ခံချက်ပါဝင်သော ကုန်စည်များဖြစ်ပြီး ၊ ကလေးအဟာရဖြည့်စွပ်စာ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များကို စီးပွားရေးလုပ်ငန်းရှင် တာဝန်များအကြောင်း အသိပေးရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
