
၂၁.၉.၂၀၂၅ ရက်နေ့ နေ့လည် ၁၃၀၀ အချိန်က ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်း အဖွဲ့ဝင်များဖြင့် ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ မြို့နယ်အတွင်း ရောင်းချနေသော လုပ်ငန်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးရမည့်လုပ်ငန်းနှင့် ဈေးနှုန်းတည်ငြိမ်နိုင် ရေးအတွက် စောင့်ကြည့်စစ် ဆေးမည့်လုပ်ငန်းအကြောင်းကို တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်၊
ဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မြို့နယ်အတွင်း စားသုံးသူ ပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ စေရန် နှင့် ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရန်နှင့် ကုန်ဈေးနှုန်းတည်ငြိမ် ကျဆင်းရေးလုပ်ငန်းများကို အပတ်စဉ် လစဉ် စစ်ဆေးဆောင်ရွက်ခြင်းများ၊ သက်ဆိုင်ရာ ကဏ္ဍနှင့် ဒေသအလိုက် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ ၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် အဓိကကျသည့် သက်ဆိုင်ရာ ဌာနများ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ခြင်းများ အဓိက စားသောက်ကုန်ဖြစ်သည့် ဆန်၊ စားသုံးဆီ ဈေးနှုန်းများ တည်ငြိမ်ရေး၊ အရေးပါသည့်ကုန်ပစ္စည်းများ၏ ဈေးနှုန်းတည်ငြိမ်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများအတွက် လိုအပ်သည့်ဆေးဝါးနှင့် ဆေးအထောက်အကူပြုပစ္စည်းများ တင်သွင်းမှုကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးစားပေးခွင့်ပြုပေးလျက်ရှိပြီး ကုန်ဈေးနှုန်းတည် ငြိမ်ရေးမြို့နယ်အဖွဲ့များမှလည်း လုပ်ငန်းတာဝန်အလိုက် လုပ်ဆောင်သွားကြရန်ကို ဆွေးနွေးပြီး မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ မှ မိမိတို့ဒေသအလိုက် စားသောက်ကုန်ပစ္စည်း ထုတ်လုပ်မှု တိုးတက် ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်နေမှုအခြေအနေများအား ပြန်လည်သုံး သပ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
