
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ် ရေး ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို (၂၂.၉.၂၀၂၅) ရက်နေ့ နံနက် ၉နာရီအချိန် တွင်အစီမစဉ်(၅)ရပ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပါယ်ဖော်ပြချက်၊ ကုန်စည်/ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူများ၏ အခွင့်အရေးနှင့် လုပ်ငန်းရှင်များလိုက်နာရမည့် အချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များသာမက ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ ဖြစ်ပေါ်လာပုံများကို အကျယ်တဝင့် ဟောပြောဆွေး နွေးခဲ့ပါသည်။
အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ပြီး ဟောပြောပွဲသို့ ကျေးရွာသူ/သား (၅၃)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
