Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
05 Oct 2023

          နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆) ဘီလီယံဖြင့် ဆောင်ရွက်သည့် ၂၀၂၃ ခုနှစ် မိုးစပါးစီမံကိန်းအတွက် တိုင်းဒေသကြီးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့် ဝယ်ယူကြိတ်ခွဲသူ အစုအဖွဲ့များအကြား စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်းရှိ ဧရာရွှေဝါခန်းမ၌ ၂၄.၉.၂၀၂၃ ရက်နေ့တွင် ကျင်းပခဲ့ပါသည်၊၊

04 Oct 2023

         စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ   ဦးဘောမ်ဇုန်း(ရုံးအုပ်) သည်   ၂၂.၉.၂၀၂၃ရက်နေ့တွင် မြစ်ကြီးနားမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

04 Oct 2023

       စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ  ဦးတင်မောင်ထွန်း(ရုံးအုပ်) သည် ၂၂.၉.၂၀၂၃ရက်နေ့တွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်အတွင်းရှိ လက်လီ၊လက်ကားဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်များသို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ကိုက်ညီမှုရှိ/မရှိဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

04 Oct 2023

          စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ  ဦးဘောမ်ဇုန်း(ရုံးအုပ်) သည် (၂၁.၉.၂၀၂၃) ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ စားသောက်ကုန်အရောင်းဆိုင် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

04 Oct 2023

            ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ပန်းတနော်မြို့နယ် ရှိ မြသိန်းတန်(၂) ဆန်စက်သို့သွားရောက်၍ ဆန်စက် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး MSMEsလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် (၂၁.၉.၂၀၂၃) ရက်နေ့နံနက်  (၁၀:၀၀) နာရီခွဲအချိန်တွင် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

Pages