သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ငွေတောင်စံပြကျေးရွာတွင် (၂၂-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများဝင်ငွေတိုးရေးစီမံကိန်းအပါအဝင် ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းအတွက် ဖွင့်လှစ်မည့်စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ အသေးစားစက်မ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးက တိုင်းဦးစီးရုံခန်းတွင် သက်ဆိုင်ရာဌာနခွဲတာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၂၁ရက်နေ့၊ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ ဒုတိုင်းဦးစီးမှူးများနှင့် ဌာနခွဲတာဝန်ခံများတက်ရောက်ခဲ့ကြပါသည်၊၊
ဧရာဝတီတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ဩဂုတ်လ ၂၂ ရက်နေ့တွင် ပုသိမ်မြို့စက်မှုစီမံကိန်းရှိ Shuang Yi (Pathein) Garment Co,Ltd အထည်ချုပ်စက်ရုံအား အဖွဲ့ခေါင်းဆောင် တိုင်းအလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးနိုင် အဖွဲ့ဝင် ၊ တိုင်းစားသုံးသူရေးရာဦးစီးဌာနအပါအဝင် တိုင်းအဆင့်ဌာနဆိုင်ရာ (၇)ဦးနှင့် အတူသွားရောက်စစ်ဆေး ခဲ့ပါသည်၊၊
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးအစည်းအဝေးခန်းမတွင် တိုင်းဦးစီးမှူး၊ ဒုတိုင်းဦးစီးမှူး၊ ဌာနခွဲတာဝန်ခံများသည် ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်းပျော်ရွှင်စွာ လုပ်ကိုင်နိုင်ရန်နှင့် အထက်အောက်အပြန်အလှန်လေးစားမှုရှိစေရေးသာမက ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာ ချစ်ခင်ရင်းနှီးမှုရှိစေရေး တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီဖေးမစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဩဂုတ်လ ၂၂ ရက်နေ့ နေ့လယ်စာကို အတူတကွ ဝန်ထမ်းမိတ်ဆုံစားပွဲ ပြုလုပ်ခဲ့ပါသည်၊၊
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တိုင်းအတွင်းထုတ်ကုန်ပစ္စည်းများသုတေသနနှင့် ဈေးကွက်သုတေသနကော်တီအဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ရုံးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ ၁၇ရက်နေ့တွင် ကျင်းပပြုပလုပ်ရာ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ ပုသိမ်တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်နှင့် နည်းပညာတက္ကသိုလ်၊ တွဲဖက်ပါမောက္ခနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းမှ က