Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Aug 2023

   ဟင်္သာတခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးသည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဆရာ/ဆရာမ(၅၄)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

28 Aug 2023

 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၈-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ တုံးလှဲရွာမ၊ မူလွန်ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက် ခဲ့ပါသည်။

28 Aug 2023

    ၁၈.၈.၂၀၂၃ ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်အတွင်းရှိ ငါးလုပ်ငန်းကဏ္ဍနှင့် ဆက်စပ်လုပ်ငန်းများ၏ ဈေးကွက်အချက်အလက်များ ကောက်ခံနိုင်ရန်အတွက် ပမာဏနှိုင်းအစည်းအဝေးကိုကျင်းပရာ  မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်မှူးနှင့်ဝန်ထမ်းများ မွန်ပြည်နယ်ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဥက္ကဌ ၊ဒုဥက္ကဌနှင့် ငါးလုပ်ငန်းရှင်များ NEI၊မှ အုပ်ချုပ်မှုဒါရိုက်တာနှင့်ဝန်ထမ်းများ စုစုပေါင်း (၃၀)ဦး တက်ရောက်ပါသည်။ အခမ်းအနားတွင် စားသုံးသူရေးရာဦ

28 Aug 2023

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၁၈.၈.၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့ ကန်သာယာ၊ တိုးချဲ့ရပ်ကွက် (အ.မ.က) မြင်သာကျောင်း၌ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

28 Aug 2023

   မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအကြောင်း အသိပညာပေး  (Talk Show) ဆွေးနွေးပွဲကို ၂၂.၈.၂၀၂၃ နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

Pages