သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မကွေးတိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ ဈေးဆိုင်များတွင် စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းမှု မရှိစေရေးအတွက် ခရိုင်/မြို့နယ် စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်လာခြင်းကြောင့် (၂၂.၉.၂၀၂၃) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာန မင်းဘူးခရိုင်ဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိတို့ပါဝင်သော ပူးပေါင်း
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ခမောက်စုကျေးရွာအုပ်စု၊ ဈေးဟောင်းပိုင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်၌ ကုန်မျိုးဆိုင်လုပ်ငန်းရှင်များအား (၂၃-၉-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာအုပ်စု၊ (အ.ထ.က) ကျောင်း၌ ဆရာ/ဆရာမ(၁၈)ဦးနှင့် ကျောင်းသား/သူ(၃၁၇)ဦးအား (၁၈-၉-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများပေးခဲ့ကြပါသည်။
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ကုန်မျိုးစုံဆိုင်များ၊ ဥသျှစ်ပင်မြို့ရှိ ဈေးဆိုင်များသို့သွားရောက်၍ သောက်ရေသန့်ဘူးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သန်းသန်းအေးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ (၂၁-၉-၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက်၍ စစ်ဆေးခဲ့ပါသည်။
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် (၂၀-၉-၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် ပန်းတောင်းမြို့နယ်ရှိ ကုန်စုံဆိုင်များနှင့် ဥသျှစ်ပင်မြို့ရှိ ဆေးဆိုင်များသို့သွားရောက်၍ ကွင်းဆင်းလေ့လာကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။