
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်သည့် ခရိုင်ရုံးဝန်ထမ်း(၂)ဦး၊ စစ်ကိုင်းမြို့နယ်တာဝန်ခံတို့သည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးဆိုင် (၄)ဆိုင်၊ ကလေးအသုံးဆောင်ပစ္စည်းအရောင်းဆိုင်(၁)ဆိုင်သို့ ကွင်းဆင်း၍ DUMEX DUPRO ကလေးငယ် ဖော်စပ်စာ ကုန်ပစ္စည်းအတုများ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သော ဆေးဆိုင်(၄)ဆိုင်နှင့် ကလေးအသုံးဆောင်ပစ္စည်း အရောင်းဆိုင်(၁)ဆိုင်၌ ဒါနန်းစပါယ်ရှယ်လိုက်(စ်)နယူးထရီရှင်း (ထိုင်း)ကုမ္ပဏီ၊ ဒီကေအက်စ်အိပ်(ချ်) (မြန်မာ)လီမီတက်၏ ကုန်ပစ္စည်းအစစ်အား ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပြီး DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ ကုန်ပစ္စည်းအတုအား ရောင်းချခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါ သည်။ စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စစ်ဆေးခဲ့သော ဆိုင်ပိုင်ရှင်များအား DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ ကုန်ပစ္စည်းအစစ်နှင့် ကုန်ပစ္စည်းအတု၏ အသေးစိတ်အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ (၄၁)၊ ပုဒ်မခွဲ (ခ) နှင့် (ဆ)အရ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရွေးချယ် ဝယ်ယူရောင်းချရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)