
ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ် ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စားအငြိမ်းစားများအား စားအုန်းဆီများကို ရောင်းချ ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရှိ ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအား ၂၄.၉.၂၀၂၅ ရက်နေ့၊ နံနက်(၆:၀၀)နာရီအချိန်မှစ၍ စားအုန်းဆီများ ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ စားအုန်းဆီများ ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စားအငြိမ်းစား ဝန်ထမ်း (၁)ဦးလျှင် ဆီ(၂.၅၀)ပိဿာ၊ (၁)ဗူးစီရောင်းချပေးခဲ့ရာ ဗူးပေါင်း(၂၉၈၀) ရောင်းချပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်ကြီးများအသင်းအဖွဲ့ဝင် ကိုယ်စားလှယ်များက လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)