သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများ စားသုံးသူကာကွယ်ပေးရေးဥပဒေပါ အကြောင်းအရာများကိုသိရှိနားလည်နိုင်စေရေးရည်ရွယ်၍ အခြေခံပညာစာသင်ကျောင်းများ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြည်မြို့၊ အ-ထ-က (၂) အခြေခံပညာစာသင်ကျောင်း၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်ခရိုင်၊ စားသုံ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၁၅.၈.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် စက်မှုဇုန်၊ ရွှေဘိုမြို့ရှိ ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၆.၈.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည့် အမှတ်(၁၀)ရပ်ကွက်၊ ပဂိုးကုန်း၊ ရွှေဘိုမြို့ရှိ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ဦးစီးကျင်းပသော အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ မြေတိုင်ကျေးရွာအုပ်စု၊ ကြက်ထောင့်ကန်ကျေးရွာ၌ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင် (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ရာ သင်တန်းသူ (၁၇)ဦး၊ ရပ်မိရပ်ဖ (၃)ဦး၊ဆရာမ(၂ )ဦး ၊ စုစုပေါင်း(၂၂)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်လင်းထွန်းဦးဆောင်သောအဖွဲ့ဝင်များနှင့်အတူ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၆ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့၌ ရောင်းချနေသော အလှကုန်ပစ္စည်းများ၊ အစားအသောက်များနှင့်ဆေးဝါးများ၌ စားသုံးသူများအား အန္တရာယ်ဖြစ်စေနိုင်မှု ရှိ/မရှိကိုကွင်းဆင်းစစ်ဆေးခဲ့ပါသည်။