သတင်းနှင့် လှုပ်ရှားမှုများ
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၂.၉.၂၀၂၃ ရက်နေ့တွင် ဗန်းမော်ခရိုင် ဦးစီးမှူးရုံး၌ စားသုံးဆီ ဖြန့်ဖြူးရောင်းချသော စီးပွားရေးလုပ်ငန်းရှင်(၂)ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၁.၉.၂၀၂၃ရက်နေ့တွင် ဗန်းမော်မြို့ ဆန်၊စပါး ကုန်သည်များအသင်းရုံးတွင် ဆန်၊ပဲ၊ပြောင်း၊နှမ်းရောင်းဝယ်သည့်စီးပွားရေးလုပ်ငန်းရှင်(၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး)သည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အသေးစား စက်မှုလက်မှုဦးစီးဌာနတို့နှင့် ပူးပေါင်း၍( ၁၂.၉.၂၀၂၃ )ရက်နေ့တွင်ဗန်းမော်မြို့ရှိ ဆေးပစ္စည်းအရောင်းဆိုင်နှင့် စတိုးဆိုင်(၆)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများ၊ FDA၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၉-၉-၂၀၂၃) ရက်နေ့တွင် ဘားအံမြို့ရှိ ကုန်တိုက်(၂)ခု၊ ဆေးဆိုင်(၃)ဆိုင်၊ လက်လီ/ လက်ကားအရောင်းဆိုင် (၄)ဆိုင်တို့တွင် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ရုံးအုပ်)သည် ၁၉.၉.၂၀၂၃ ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ ပင်လုံကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။