Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Aug 2023

     ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ စားသုံးသူရေးရာကော်မတီသို့ ပုသိမ်မြို့ပေါ်ရှိ Ocean Supercenter တာဝန်ခံနှင့် ဝန်ထမ်း (၁) ဦး ၊ ဩဂုတ်လ (၁၇) ရက်နေ့ ၊ နေ့လယ်(၁၃:၀၀) နာရီတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

22 Aug 2023

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ  ဦးကျော်မိုးလွင် (ဌာနခွဲစာရေး)သည် (၁၇.၈.၂၀၂၃)ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန့်စော်လော်ကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

22 Aug 2023

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ သြဂုတ်လ(၁၈) ရက်နေ့တွင် အောင်ဇမ္ဗူဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များဝယ်ယူစားသုံး‌နိုင်ရေးရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများဟောပြောခဲ့ပါသည်။

22 Aug 2023

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၁၇-၈-၂၀၂၃)ရက်နေ့၊ နေလယ်(၁၃:၀၀)နာရီအချိန်တွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

22 Aug 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန်အတွက် (၁၄-၈-၂၀၂၃)ရက်နေ့တွင် အလယ်ပိုင်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ/ဆရာမ(၁၄)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၉၀)ဦး၊ စုစုပေါင်း(၂၀၄)ဦးနှင့် (၁၅-၈-၂၀၂၃)ရက်နေ့တွင် ယောဝရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း၌ ဆရာ/ဆရာမ(၉)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၇၁)ဦး၊

Pages