သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် ဇလွန်မြိုနယ်၊ ညောင်ပင်ဈေးရပ်ကွက်ရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား (၄-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် ဘန့်ဘွေးကုန်းအုပ်စုရှိ ဘုန်းကြီးကျောင်း၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား (၄-၈-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်မှ မြို့နယ်တာဝန်ခံသည် တလုတ္ထော်မြို့၊ အမှတ်(၁) ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း၌ ဈေးဆိုင်လုပ်ငန်းရှင်များအား (၄-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်မှ မြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မေရီလန်းကျေးရွာအုပ်စု၊ စိုက်ပျိုးရေးစခန်း၌ စားသုံးသူ(၅၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောပေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်မြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၄-၈-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၁:၃၀)နာရီအချိန်တွင် ဈေးရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များ၌ရောင်းချနေသော ကုန်ပစ္စည်းများကို ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။