Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
17 Aug 2023

      တောင်ငူခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီတွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ခန်းမ၌ ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၏ ဖိတ်ကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင် တက်ရောက်၍ ဆွေးနွေးဟောပြောခဲ့ပါသည်။

17 Aug 2023

     မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြီးမှူးကျင်းပသည့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ ဆန်စပါး MSME ဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆန်စပါးဈေးကွက် တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန် တွင် ပဲခူးတိုင်းဒေသကြီး၊ ‌တောင်ငူမြို့၊ ကေတုမတီဟိုတယ်၊ ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ

17 Aug 2023

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်  (၉-၈-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံးခန်းမ၌ မိဘပြည်သူ(၁၅)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

17 Aug 2023

      မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ Mandalay Beverages Enterprise Company Limited သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ ဆတ်သေကျေးရွာရှိ ဇော်ဆန်စက်နှင့်စာချုပ်ချုပ်ဆို၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်းများတင်ပို့နိုင်ရေးအတွက် The General Administration of Customs of the People’s Republic of China (GACC) မှတ်ပုံတင်လက်မှတ် လျှောက်ထားပါသဖြင့် ဩဂုတ်လ ၈ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ကုန်ပစ္စည်း

17 Aug 2023

     ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်  ၊  ကျောက်တံခါးမြို့နယ်အတွင်းရှိ  အခြေခံ လူတန်းစားများကို ဆန် ၊ ဆီ ၊ အသား နှင့် ငါးများကို  သက်သာသော ဈေးနှုန်းဖြင့်  ရောင်းချပေး နေပါသည်။ အခြေခံလူတန်းစားများ  စားဝတ်နေရေး  အဆင်ပြေစေရန်အတွက် ယခုအပတ်တွင် ဆန်  (၁)  ပြည် ၂၅၀၀ ကျပ်၊ ဆီ (၅၀)ကျပ်သား တစ်ဘူးလျှင် ၃၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၅၀၀၀ ကျပ် နှင့် ကြက်ဉ(၁)လုံး လျှင် ၂၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေပါသည်။

Pages