သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် မြို့နယ်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ဆန်ဆိုင်း(က)ရပ်ကွက်နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်၊စတိုးဆိုင်(၄)ဆိုင်အား ကလေးဖြည့်စွက်အာဟာရမှုန့်များနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် စားသုံးဆီများကို ညောင်ဦးခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အထိုင်ရောင်းစနစ်ဖြင့်(၅.၉.၂၀၂၃)ရက်နေ့မှစ၍ ရောင်းချပေးလျက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များအား အရည်အသွေးမပြည့်မီသည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန် ဆေးဝါးများနှင့် ခွင့်ပြုလိုင်စင်မရှိသည့်ထိန်းချုပ်ဆေးဝါးများအား ရောင်းချမှုမရှိစေရေးအတွက်(၈.၉.၂၀၂၃)ရက်နေ့၊ ညနေ (၁၇:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ဈေးဆိုင်များ၌ စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေးအတွက် ခရိုင်/ မြို့နယ် စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်လာခြင်းကြောင့် (၉-၉-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ မကွေးခရိုင်ဦးစီးမှူး၊ မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲအား(၁၃.၉.၂၀၂၃)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ပြုလုပ်ရာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးအကြောင်းအရာများအား ဟောပြောဆွေး နွေးခဲ့ပါသည်။