သတင်းနှင့် လှုပ်ရှားမှုများ
ကရင်ပြည်နယ် ၊ ဘားအံမြို့ရှိ သံလွင်မြစ်ရေသည် (၁၀-၈-၂၀၂၃) ရက်နေ့တွင် စိုးရိမ်အမှတ်ကျော်လွန်နေ၍ ဘားအံမြို့နှင့် အနီးတဝိုက်ကျေးရွာများရှိ နေအိမ်များရေနှစ်မြုပ်လျက်ရှိရာ ခရိုင်/မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှုဦးသန်းဦးပါ ဝန်ထမ်းများသည် လှာကာကျေးရွာအုပ်စု သုဓမ္မရံသီဘုန်းကြီးကျောင်းရှိ ရေဘေးစခန်းဖွင့်လှစ်ထားသည့်နေရာတွင် ကြီးကြပ်မှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများသတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၁.၈.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ် ဘားအံမြို့အမှတ်(၄) ရပ်ကွက်ဟင်္သာကုန်း၊ နန်းလုံ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်ခရိုင်ဦးစီးမှူး၊ စာကြည့်တိုက်မှူး၊ စာကြည့်တိုက်တာဝန်ခံနှင့် ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် နေပြည်တော် (ရုံးချုပ်)၊ ရုံးအမှတ် (၅၂) တွင် ဩဂုတ်လ (၁၄) ရက်နေ့၊ မွန်းလွဲ (၁:၀၀) နာရီအချိန်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ဦးဆောင်သော Virtual Meeting စနစ်ဖြင့်ကျင်းပပြုလုပ်သည့် စာကြည့်တိုက်လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့ကြပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မောင်တောမြို့နယ်တာဝန်ခံ ဦးအောင်ထွန်းမြ (ဒု-ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် (၁၁-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်ရှိ အချိုရည်များလက်လီ/လက်ကားရောင်းချသည့် ကုန်စုံဆိုင်မျ
ဝန်ထမ်းများအနေဖြင့် ဌာန၏လုပ်ငန်းတာဝန်များကို ပိုမိုသိရှိသဘောပေါက်နားလည်ပြီး ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားကာ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်နှင့် အဆင့်လိုက် တစ်ဆင့်မြင့်ရာထူးတိုးများဖြေဆိုရာတွင် သင်ထောက်ကူဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) မှ Online ဖြင့် အပတ်စဉ်ပေးပို့လျက်ရှိသောမေးခွန်းလွှာများကို စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများအားလုံး စုပေါင်းဖြေဆိုခဲ့ကြသည်။