စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မောင်တောမြို့နယ်တာဝန်ခံ ဦးအောင်ထွန်းမြ (ဒု-ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် (၁၁-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်ရှိ အချိုရည်များလက်လီ/လက်ကားရောင်းချသည့် ကုန်စုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက အချိုရည်များသိုလှောင်ဖြန့်ဖြူးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တရားမဝင်လမ်းကြောင်းမှဝင်ရောက်လာသော အချိုရည်များကိုရောင်းချခြင်းများမပြုလုပ်ကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် တွဲလျက်ကပ်နှိပ်ဖော်ပြထားသောအချိုရည်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန (FDA) ၏ထောက်ခံချက်ပါသော အချိုရည်များကိုသာရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)၊ ပုဒ်မ(၂၁)ပါ စီးပွားရေးလုပ်ငန်းရှင်များသည် တာဝန်များကိုသိရှိလိုက်နာနိုင်ကြရန်အတွက် ကွင်းဆင်းအသိပညာပေးခြင်းအပြင် အသိပညာပေးလက်ကမ်းစာစောင်များပါဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)