မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ဈေးဆိုင်များ၌ စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေးအတွက် ခရိုင်/ မြို့နယ် စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်လာခြင်းကြောင့် (၉-၉-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ မကွေးခရိုင်ဦးစီးမှူး၊ မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မကွေးမြို့ရှိ စားသုံးဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသော ဦးသန်းဇော်၊ ဒေါ်စန်းနွဲ့၊ ဒေါ်အေးအေးသင်းတို့၏ ဆီအရောင်းဆိုင်များ၌ လက်လီရောင်းချသည့်ဈေးနှုန်း၊ လက်ကားဖြန့်ဖြူးသည့်ဈေးနှုန်းများသည် သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
မကွေးတိုင်းဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ ကူညီပံ့ပိုးမှုဖြင့် ပြည်သူများအား စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၄၅၀၀)ဖြင့် ဈေးနှုန်းသက်သာစွာရောင်းချပေးနေသာ ဆုံရပ်ကွက်၊ ဓမ္မာရုံ၌ အိမ်ထောင်စု (၅၅၀) စုအတွက် ဆီ (၅၅၀)ပိဿာ၊ မင်းကံကြီးရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ အိမ်ထောင်စု (၁၁၀၀)စုအတွက် ဆီ(၁၁၀၀)ပိဿာနှင့် အောင်မင်္ဂလာရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ အိမ်ထောင်စု (၁၁၀၀)စုအတွက် ဆီ(၅၅၀)ပိဿာ၊ စုစုပေါင်းအိမ်ထောင်စု (၂၇၅၀)စုအတွက် စားအုန်းဆီ (၂၂၀၀)ပိဿာရောင်းချပေးနေမှုအား အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ ရောင်းချရာတွင် စနစ်တကျရှိစေရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)