သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးသည် (၉-၈-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ တောင်တွင်းကြီးမြို့၊ ရွှေအင်ကြင်းရပ်ကွက်(၂
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် မကွေးခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် နတ်မောက်မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေ၊ မြို့သစ်မြို့နယ်တာဝန်ခံ ဦးဆယ်မောင်တို့ပူးပေါင်းကာ (၁၀-၈-၂၀၂၃)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် နတ်မောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် နေ့လယ်(၁၃း၃၀)နာရီအချိန်တွင် ပိတောက်ငုတ်ကျေးရွ၊ အခြေခံပညာအလယ်တန်းကျောင်းတို့၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)နှင့် ဒေါ်ဖွာဇမဲန်(အငယ်တန်းစာရေး)တို့သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၅ရက် နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ အခြေခံပညာအတန်းကျောင်း အ.ထ.က(၃)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြပါသည်။
၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ ဇေတဝန်ဘုန်းတော်ကြီးအတတ်သင်ကျောင်း၊ အ.မ.က (မူလွန်) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမအပါအဝင် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၅၅) ဦးတက်ရောက်ခဲ့ကြပါသည်။
၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၁ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်မားရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိကုန်စုံဆိုင်များသို့သွားရောက်၍ ၎င်းတို့ရောင်းချနေသော ကုန်ပစ္စည်းများ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်