Main menu

နတ်မောက်မြို့နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဆောင်ရွက်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် မကွေးခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် နတ်မောက်မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေ၊ မြို့သစ်မြို့နယ်တာဝန်ခံ ဦးဆယ်မောင်တို့ပူးပေါင်းကာ (၁၀-၈-၂၀၂၃)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် နတ်မောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် နေ့လယ်(၁၃း၃၀)နာရီအချိန်တွင် ပိတောက်ငုတ်ကျေးရွ၊ အခြေခံပညာအလယ်တန်းကျောင်းတို့၌  စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် နတ်မောက်မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေက ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေး(၈)ချက်၊ တာဝန်(၄)ချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်များအကြောင်း၊ မြို့သစ်မြို့နယ်တာဝန်ခံ ဦးဆယ်မောင်က ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်းကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားခွင့်များ၊ CICC ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာသည့်စားသုံးသူများအနေဖြင့် တိုင်ကြားနိုင်ကြောင်း၊ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Appliacation နှင့် Consumer Call Center (1535) တို့တွင် တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ဆရာ/ဆရာမ(၁၇)ဦး၊ ကျောင်းသား/ ကျောင်းသူ(၃၂၄)ဦး၊ စုစုပေါင်း(၃၄၁)ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)