စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးသည် (၉-၈-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ တောင်တွင်းကြီးမြို့၊ ရွှေအင်ကြင်းရပ်ကွက်(၂)၊ အုန်းတော(၁)ရပ်ကွက်၊ တောင်ပြင်(၁)ရပ်ကွက်အတွင်း အလှကုန်ရောင်းချနေသည့် စတိုးဆိုင်ကြီး(၃)ဆိုင်သို့သွားရောက်၍ မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန်မသင့်ဟုတားမြစ်ထားသော အလှကုန်တစ်မျိုးဖြစ်သည့် ANYLADY/12 colour အမှတ်တံဆိပ် Eyeshadow Palette (18)g တွင် တားမြစ်ဓာတုပစ္စည်း Rhodamine B & (Lead) ပါဝင်နေခြင်းကြောင့် သုံးစွဲသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်အတွင်းရောင်းချနေမှုရှိ/မရှိကို စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ရောင်းချဖြန့်ဖြူးရောင်းဝယ်ဖောက်ကားသော စျေးဆိုင်ပိုင်ရှင်များကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)တွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များ၊ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်ပစ္စည်းများကိုသာရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းတို့ကိုသိရှိစေရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)